တွင်းနက် (Black Holes) တွေအကြောင်းကို ယခင်ကလည်း ရေးသားခဲ့ဖူးပါတယ်။
အာကာသနှင့် စကြ၀ဠာ ပရိတ်သတ်များအတွက် တွင်းနက်များအကြောင်းကို ကျနော်သိသမျှ ပြန်လည်မျှဝေပေးလိုက်ပါတယ်။
တွင်းနက် ဆိုတာကတော့ စကြ၀ဠာအတွင်းမှာ အထူးခြားဆုံးနဲ့ စိတ်ဝင်စားစရာအကောင်းဆုံး ပဟေဠိတစ်ခုပါဘဲ..။ သူဟာ သိပ်သည်းဆ အလွန်ကြီးမားတယ်..၊ ဆွဲငင်အား အရမ်းများတယ်။ အဲ့ဒီ့အတွက်ကြောင့် သူ့အနီးနားမှာရှိတဲ့ အရာတွေ အားလုံးကို စုပ်ဆွဲယူပါတယ်။ တစ်စက္ကန့်ကို မိုင် ၁၈၆၀၀၀ ကျော်သွားနိုင်တဲ့ အလင်းတောင်မှ သူ့အနီးကိုရောက်ရင်.. ပြေးလို့မလွတ်နိုင်ပါဘူး။
ဒီ.. တွင်းနက်များကို စတင်ဖော်ထုတ်နိုင်ခဲ့တဲ့ သူကတော့ ရူပဗေဒ ပညာရှင်ကြီး အဲလ်ဘတ် အိုင်းစတိုင်း (Albert Einstein) ပါဘဲ..။ ၁၉၁၆ ခုနှစ်လောက်တုန်းကပေါ့..။ ဒါပေမယ့် အဲ့ဒီ့အချိန်တုန်းက သူက သီအိုရီအရ စကြ၀ဠာအတွင်းမှာ တွင်းတွေရှိနိုင်တယ်လို့ဘဲ တွက်ပြခဲ့တာပါ။
တွင်းနက် (Black Hole) ဆိုတဲ့ နာမည်ကိုတော့ အမေရိကန် အာကာသပညာရှင် ဂျွန်ဝှီလာ (John Wheeler) က အမည်ပေးခဲ့တာဖြစ်ပြီး အာကာသအတွင်းမှာ ၁၉၇၁ ခုနှစ်ကမှ ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိနိုင်ခဲ့တာဖြစ်ပါတယ်။ တက္ကသိုလ်
တွင်းနက်များကို အခြေခံအားဖြင့် (၃) မျိုးခွဲခြားထားပါတယ်။ ၄င်းတို့ကတော့..
၁။ stellar black holes (ကြယ်မှဖြစ်သော တွင်းနက်များ)
၂။ supermassive black holes (ဧရာမ တွင်းနက်ကြီးများ)
၃။ intermediate black holes (အလယ်အလတ်ကျသော တွင်းနက်များ)
ဟူ၍ ဖြစ်ပါတော့တယ်..။

>>>
ကြယ်မှဖြစ်သော တွင်းနက်များ (stellar black holes)
သေးငယ်ပေမယ့် အစွမ်းထက်တဲ့ တွင်းနက်တွေပါ..။
ကြယ်တွေလောင်စာကုန်ခန်းလို့ တောက်လောင်စရာမရှိတော့တဲ့အခါမှာ ယိုယွင်းပျက်စီးလာကြပါတယ်။ သေးငယ်တဲ့ကြယ်များ (ဥပမာ။ နေ (သို့) နေထက် ထုထည် သုံးဆလောက်သာကြီးမားတဲ့ ကြယ်များ) ကတော့ နယူထရွန်ကြယ် (သို့) အဖြူရောင်ကြယ်ပု (white dwarf) အဖြစ် အဆုံးသတ်ကြပါတယ်။
ဒါပေမယ့် နေထက် အဆပေါင်းများစွာ ထုထည်ကြီးမားတဲ့ ကြယ်များ လောင်စာကုန်လို့ ယိုယွင်းပျက်စီးပြီဆိုလျှင်တော့.. တွင်းနက် တွေအဖြစ်ကို ပြောင်းလဲသွားတတ်ကြပါတယ်။ ဒါကို ကြယ်မှဖြစ်သော တွင်းနက် (stellar black holes) လို့ခေါ်ပါတယ်။
ကြယ်တစ်လုံးမှ ဖြစ်သော တွင်းနက်များဟာ အများအားဖြင့် သေးငယ်လှပါတယ်။ ဘယ်လောက်တောင် သေးသလဲဆိုရင် ကမ္ဘာပေါ်က မြိုကြီးတစ်မြို့စာလောက်ကို သေးသွားတာပါ။ ဒါပေမယ့် သိပ်သည်းဆတော့ သိပ်များတယ်။ နေထက် သုံးဆ မက ကြီးတဲ့ ကြယ်တစ်လုံးကနေ မြို့တစ်မြို့စာလောက်ဖြစ်သွားတဲ့ သိပ်သည်းဆဟာ ဘယ်လောက်ကြီးမားပြီး ဘယ်လောက်ဆွဲအားများမလဲဆိုတာ ခန့်မှန်းကြည့်ရုံနဲ့ ကြောက်စရာကောင်းနေပါပြီ..။
သူ့အနားကို ရောက်လာတဲ့ ဖုန်မှုန့်တွေ ဓါတ်ငွေ့တွေကို စုပ်ယူ စားသုံးပါတော့တယ်..။ ပြီးတော့မှ တဖြည်းဖြည်း ပြန်လည် ကြီးထွားလာကြတာဖြစ်ပါတယ်။
သေးငယ်ပေမယ့် သေလောက်အောင် အစွမ်းထက်တဲ့ တွင်းနက် တစ်မျိုးပါဘဲ..။

ဧရာမ တွင်းနက်ကြီးများ (Supermassive Black Holes)
ဧရာမ ဆိုတာကတော့ မြန်မာလို ကြီးမားခြင်း၊ ကျယ်ပြန့်ခြင်းလို အဓိပ္ပါယ်ရပါတယ်။ အင်္ဂလိပ်စာလုံး "Giant" နဲ့ အဓိပ္ပါယ် ဆင်တူပါတယ်။ Supermassive black holes ကျတော့ ထုထည်ကြီးမားလွန်းတဲ့ ဧရာမတွင်းနက်ကြီးလို့ ဘဲ ဆိုရမှာပေါ့..။
အပိုင်း (၂) တုန်းကဖော်ပြခဲ့တဲ့ သေးငယ်တဲ့ တွင်းနက်တွေဟာ စကြ၀ဠာအတွင်းမှာ မှိုလိုပေါက်အောင် များပြားလွန်းလှပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ညီအကိုတွေဖြစ်တဲ့ ဧရာမ တွင်းနက်ကြီးများကတော့ စကြ၀ဠာကြီးကို ကြီးစိုး ချုပ်ကိုင်ထားကြပါတယ်။

ဧရာမ
တွင်းနက်ကြီးတွေဟာ ဒြပ်ထု (mass) ဘယ်လောက်တောင်ကြီးသလဲဆိုရင်.. ကျနော်တို့နေထက် ဒြပ်ထု
(mass) အဆပေါင်း သန်းဂဏန်းမှ ကုဋေဂဏန်းထိအောင်ကို ကြီးမားပါတယ်။ အရွယ်အစားအားဖြင့်ကျတော့
ကြယ်လေးတစ်လုံးစာလောက်ပဲ ရှိနေပြန်ပါတယ်။ အဲဒီတော့ သူရဲ့သိပ်သည်းဆဟာ အလွန့်အလွန်ကို
ကြီးမားလွန်းလှပါတယ်။
လို့ရေးရင်ပိုကောင်းမလား။
လို့ရေးရင်ပိုကောင်းမလား။
နောက်ပြီး
ဒီ ဧရာမ တွင်းနက်ကြီးတွေဟာ ဂလက်ဆီအားလုံးရဲ့ အလယ်မှာ ရှိနေတတ်ပါတယ်။ ကျနော်တို့ နေအဖွဲ့အစည်းတည်ရှိရာ
နဂါးငွေ့တန်းဂလက်ဆီရဲ့ အလယ်မှာလည်း ရှိပါတယ်။ (ပုံမှာပြထားပါတယ်။) ဂလက်ဆီတွေရဲ့ အလယ်မှာနေပြီး..သူ့အနီးနားမှာရှိတဲ့
ဖုန်မှုန့်များ၊ ဓါတ်ငွေ့များနဲ့ ကြယ်၊ ဂြိုဟ်များစွာကို ဖမ်းယူစားသုံးကာ ထုထည် အရွယ်အစားကို
ကြီးထွားစေပါတယ်။
သိပ္ပံပညာရှင်များအတွက် ဒီလို ကြီးမားတဲ့ တွင်းနက်ကြီးတွေ ဘယ်လိုပေါက်ဖွားလာကြတယ်ဆိုတာကတော့ ပဟေဠိတစ်ခုအဖြစ် ရှိနေဆဲပါ။
တချို့သိပ္ပံပညာရှင်များကတော့ ဧရာမ တွင်းနက်ကြီးတွေဟာ သေးငယ်တဲ့ တွင်းနက်တွေစုပေါင်းပြီး ဖြစ်လာတယ်လို့ ယူဆထားကြပါတယ်။ နောက်ပြီး ကြီးမားတဲ့ ဓါတ်ငွေ့တိမ်တိုက်တွေဟာလည်း သူတို့ဖြစ်ပေါ်မှုကို အကူအညီ အထောက်အပံ့ ဖြစ်စေတယ်လို့လဲ ယူဆထားပါတယ်။ နောက်တစ်ချက်ကတော့ ကြီးမားတဲ့ ကြယ်များ စုပေါင်းပြီး အတူတကွ ပျက်ဆီးရာက ဖြစ်လာတယ်လို့လဲ ယူဆထားကြပါတယ်။
မည်သို့ပင်ဆိုစေ..ကျနော်တို့ ကမ္ဘာပါဝင်တဲ့ နေအဖွဲ့အစည်းကတော့ နဂါးငွေ့တန်းဂလက်ဆီရဲ့ အလယ်က ဧရာမ တွင်းနက်ကြီးကို ဗဟိုပြုပြီး အလင်းနှစ် ၂၆၀၀၀ အကွာမှ လှည့်ပတ်လျက် ရှိနေပါတော့တယ်..။

အလယ်အလတ်ကျသော တွင်းနက်များ (intermediate black holes)
ယခင်တုန်းက အာကာသ သိပ္ပံပညာရှင်များဟာ တွင်းနက်တွေကို ဆိုဒ်ကြီး (Supermassive Black Hole) နဲ့ ဆိုဒ်သေး (Stellar Black Hole) တွေဘဲ ရှိတယ်လို့ ထင်ထားကြတာပါ။
ဒါပေမယ့် မသေးလွန်း မကြီးလွန်းသော အလယ်အလတ် တွင်းနက်များလည်း ရှိကြောင်းကို အာကာသ သုတေသန ပညာရှင်များ နောက်ပိုင်းမှာ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဘယ်လိုနေရာတွေမှာ တွေ့ရှိခဲ့သလဲဆိုတော့ ကြယ်ဖြစ်ထွန်းမှု သိပ်ကိုများတဲ့ ကြယ်အစုအဝေး တွေမှာပါ။
အဲ့ဒီ့ ကြယ်အစုဝေးများထဲမှ ကြယ်များဟာ အချင်းချင်း တိုက်မိ ခိုက်မိရာမှ တဖြည်းဖြည်းချင်း၊ တဆင့်ပြီးတဆင့် တွင်းနက်အဖြစ်ကို ပြောင်းလဲလာကြတာကို ရှာဖွေ တွေ့ရှိခဲ့ကြပါတယ်။
အချို့သော အလယ်အလတ် တွင်းနက်များဟာ နောက်ပိုင်းမှာ (အချို့နေရာတွေမှာ) ဂလက်ဆီရဲ့ အလယ်ကို စုဝေးရောက်ရှိပြီး ကြီးမားတဲ့ တွင်းနက်များအဖြစ် ပြောင်းလဲရောက်ရှိသွားတတ်ကြတာ ဖြစ်ပါတော့တယ်..။
အာကာသနှင့် စကြ၀ဠာ

Black
hole links
0 comments:
Post a Comment