နေအဖွဲ့အစည်းရဲ့ သက်တမ်း



ကျနော်တို့ နေအဖွဲ့အစည်းဟာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၄.၆ ဘီလီယံ ရှိပါပြီ။ စပြီးဖြစ်ပေါ်လာတာကတော့ စကြာဝဠာထဲမှာ ဟိုက်ဒရိုဂျင်ဓါတ်ငွေ့ပါတဲ့ အမှုန်များ စတင်စုဝေး လည်ပတ်ရာက စတင်ခဲ့ပါတယ်။ စုဝေးရတဲ့အကြောင်းရင်ကတော့ စကြာဝဠာထဲမှာ gravitational attaction လို့ခေါ်တဲ့ ဆွဲငင်အားတစ်ခုကြောင့် လို့ ဆိုပါတယ်။
ကြီးထွားလာသော လည်ပတ်မှူများနှင့်အတူ ဟိုက်ဒရိုဂျင် ဓါတ်ငွေ့များဟာ အလယ်မှာ ပိုမို လာရောက်စုဝေးကြပါတယ်။ ပိုမို သိပ်သည်းလာပါတယ်။
နှစ်သန်းပေါင်းများစွာကြာတဲ့အခါ ဟိုက်ဒရိုဂျင်သိပ်သည်းမှုများနှင့်အတူ ဗဟိုချက်မှာ နေဖြစ်လာမယ့် proto-star ဆိုတာ စတင်ဖြစ်ပေါ်လာပါတယ်။ နောက်ထပ် နှစ်သန်းပေါင်းများစွာ ကြာမြင့်သောအခါမှာ ဟိုက်ဒရိုဂျင်နဲ့ ဟီလီယံ ဓါတ်ငွေ့ ပေါင်းမှုဖြစ်ပါတယ်။ အဲ့ဒီ့အခါမှာ ကျနော်တို့ရဲ့ G-Type ကြယ် (နေ) စတင်ပေါ်ပေါက်လာပါတယ်။
ဒီနေရာမှာ တစ်ဆက်စပ်တည်းပြောချင်တာ ကတော့ နေရဲ့သက်တမ်းပါ။ နေရဲ့သက်တမ်းဟာ ၄.၅၇ ဘီလီယံ နှစ်ဖြစ်ပါတယ်။

လည်ပတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဖုန်မှုန့်များဟာ စုဝေးလာပြီး ကျောက်သားများဖြစ်လာပါတယ်။ ကျောက်သားငယ်များ စုပေါင်းပြီး ကျောက်စိုင်များအသွင် ပြောင်းလာပါတယ်။ အဲဒီ့ကနေ တဖြည်းဖြည်း planetoids လို့ခေါ်တဲ့ ဂြိုဟ်တစ်ခုဖြစ်မယ့်အသွင် ပြောင်းလဲလာပါတယ်။ အဲ့ဒီ့ကနေပြီး ဂြိုဟ်တွေ စဖြစ်လာပါတော့တယ်။
ဆွဲငင်အားဗဟိုနဲ့နီးတဲ့ ဂြိုဟ်တွေမှာ ကျောက်သားပါဝင်မှု ပိုများပါတယ်။ အနည်းငယ်ဝေးတဲ့ ဂြိုဟ်တွေမှာတော့ ဓါတ်ငွေ့များပိုမို ပါဝင်ကြပါတယ်။

အာကာသ နှင့် စကြာဝဠာ






Share on Google Plus

About Admin

    Blogger Comment
    Facebook Comment

0 comments:

Post a Comment