တိတ်ဆိတ်စွာ နှုတ်ဆက်နေတဲ့ လမင်း



လမင်းကြီးဟာ ကျနော်တို့ ကမ္ဘာရဲ့ ကိုယ်ပွား၊ ထာဝရ တည်ရှိပေးနေခဲ့တဲ့ အဖော်မွန်ကောင်း နဲ့ သစ္စာရှိတဲ့ ကိုယ်ရံတော် တစ်ခုဘဲ ဖြစ်ပါတယ်..။ ကျနော်တို့ မသိရှိသေးတဲ့ အချက်တစ်ချက်ကတော့ လမင်းဟာ ကျနော်တို့ ကမ္ဘာကို တိတ်တဆိတ် နှုတ်ဆက်ထွက်ခွာနေတယ်ဆိုတာပါဘဲ..။

ကမ္ဘာရဲ့ လည်ပတ်နေတဲ့ စွမ်းအင်ကို မသိမသာ ခိုးယူရင်း လမင်းကြီးဟာ တစ်နှစ်ကို ၃.၈ စင်တီမီတာလောက် အပြင်ဘက် (နေရှိရာအရပ်) ကို ရွေ့လျားလို့နေပါတယ်..။ ဒီအကွာအဝေးဟာ မပြောပလောက်ဘူး ဆိုပေမယ့်.. နှစ်သန်းပေါင်းများစွာကြာမြင့်တဲ့အခါမှာတော့ မိုင်ပေါင်းများစွာ ဝေးကွာလို့ လာပါတယ်။

အာကာသ သုတေသန ပညာရှင်များ ပြောကြားချက်အရ လမင်းကြီး စတင်ဖြစ်ပေါ်စဉ်က ကမ္ဘာမှ မိုင် ၁၄၀၀၀ (ကီလိုမီတာ ၂၂၅၃၀) သာ ကွာဝေးပြီး.. ယခုအခါမှာတော့ လမင်းကြီးဟာ ကမ္ဘာမှ မိုင်ပေါင်း ၂ သိန်း ၈ သောင်း ကျော် (ကီလိုမီတာ ၄၅၀၀၀၀ ကျော်) ကွာဝေးလို့နေပါပြီ..။

နောင်နှစ်သန်းပေါင်းများစွာ ကြာမြင့်တဲ့အခါ...

လမင်းကြီး ဝေးကွာသွားမှုနှင့်အတူ ကမ္ဘာမြေကြီးရဲ့ လည်ပတ်မှုဟာလည်း တဖြည်းဖြည်းချင်း နှေးလို့လာမှာဖြစ်ပါတော့တယ်..။

အာကာသနှင့် စကြ၀ဠာ
Share on Google Plus

About Admin

    Blogger Comment
    Facebook Comment

0 comments:

Post a Comment