သိပံ္ပပညာရှင်များဟာ ကျနော်တို့ ကမ္ဘာရဲ့ လမင်းကြီးကို
အသက် အတိအကျ ဖော်ပြပေးလိုက်ပါပြီ..။ လမင်းကြီးဟာ နေအဖွဲ့အစည်းဖြစ်ပေါ်ပြီး နှစ်သန်းပေါင်း
၁၀၀ အတွင်းမှာ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအချက်ဟာ ကမ္ဘာနဲ့ လမင်းကြီးတို့ သိပ်မကွာတဲ့အချိန်တစ်ခုမှာ အတူတူဖြစ်ပေါ်ခဲ့ကြတယ်ဆိုတဲ့ အချက်ကို
ပိုမို ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။
နောက်ပြီး ကျနော်တို့ရဲ့ လမင်းကြီးဟာ တခြားဂြိုဟ်တွေက လတွေလို နေအဖွဲ့အစည်းအတွင်းက ဂြိုဟ်သိမ်တွေကို ဆွဲယူပြီး ဖြစ်လာခဲ့တာမဟုတ်ပါဘူး..။ ကမ္ဘာကနေ ထပ်ဆင့် မွေးဖွားခဲ့တာ ပါ။ လွန်ခဲ့သော နှစ်ပေါင်း ၄.၅ ဘီလီယံ က သီယာ (Theia) ဆိုတဲ့ အင်္ဂါဂြိုဟ် အရွယ်အစားလောက်ရှိတဲ့ ဂြိုဟ်တစ်ခုဟာ ကမ္ဘာကို ၀င်တိုက်ခဲ့ပါတယ်.။ ထိုတိုက်မိတဲ့ အရှိန်ကြောင့် ကမ္ဘာပေါ်ရှိအရာများစွာ အရည်ပျော်သွားခဲ့ပြီး အမှုန်မွှားများစွာလည်း ထွက်ရှိလာပါတယ်။ နောက်ပြီး အမှုန်အမွှားများဟာလည်း ကမ္ဘာကို တစ်ကြိမ်မက တိုက်ခဲ့ကြတာဖြစ်ပါတယ်။ ယခု လမင်းကြီးမှာ ပါဝင်တဲ့ ၄၀ ရာခိုင်နှုန်းလောက်ဟာ ထို အမှုန်များမှ ဖြစ်လာခြင်း ဖြစ်ပါတယ်.။
သီယာမှာ ကမ္ဘာနဲ့ မတူညီတဲ့ ဒြပ်ဝထ္ထုတွေပါဝင်တယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် ယခုလက်ရှိ ကမ္ဘာနဲ့ လမင်းကြီးမှာတော့ အခြေခံကျတဲ့ ဒြပ်စင် ပါဝင်မှုဟာ တူညီလို့နေပါတယ်.။ လမင်းကြီးဟာ ကျနော်တို့ကမ္ဘာရဲ့ သစ္စာအရှိဆုံး လက်တွဲဖော်၊ အိမ်နီးချင်း (သို့မဟုတ်) ကမ္ဘာနဲ့ သက်တမ်းသိပ်မကွာတဲ့ ညီမငယ်လေးတစ်ယောက်ပင် ဖြစ်ပါတော့တယ်..။
အာကာသနှင့် စကြ၀ဠာ

0 comments:
Post a Comment