ကျနော်တို့ နေထိုင်ရာ ကမ္ဘာကြီးသည် နေ အဖွဲ့အစည်းအတွင်းတွင် တည်ရှိပြီး နေအဖွဲ့အစည်းဟာ နဂါးငွေ့တန်း ဂလက်ဆီအတွင်းမှာ တည်ရှိပါတယ်။ နဂါးငွေ့တန်း ဂလက်ဆီ မှ အလင်းနှစ် ၂.၅ သန်း အကွာမှာတော့ အန်ဒရိုမီဒါ (Andromeda) လို့ခေါ်တဲ့ ဂလက်ဆီကြီး တစ်ခုရှိပါတယ်။ ဒီဂလက်ဆီကို Messier 31၊ M31 (သို့) NGC 224 လို့လည်း ခေါ်ကြပါတယ်။
အန်ဒရိုမီဒါ ဂလက်ဆီရဲ့ အချင်းဟာ အလင်းနှစ် ၂၆၀ ၀၀၀ ရှိပြီး ကြယ်ပေါင်း တစ် ထရီလီယံ ကျော်လောက် ပါဝင်ပါတယ်။ ဒီဂလက်ဆီကြီးဟာ ကျနော်တို့ နေထိုင်ရာ နဂါးငွေ့တန်းဂလက်ဆီကို ဦးတည်ပြီး တစ်စက္ကန့်ကို ကီလိုမီတာ ၁၀၀ မှ ၁၄၀ နှုန်းနဲ့ ရွေ့လျားလို့ လာနေပါတယ်။ လာမယ့် နှစ်ပေါင်း ၄.၅ ဘီလီယံအကြာမှာတော့ သူတို့နှစ်ခု တိုက်မိကြတော့မှာဖြစ်ပါတယ်။
အန်ဒရိုမီဒါ ဂလက်ဆီကို ကျနော်တို့ ကမ္ဘာမှ အဝေးကြည့်မှန်ပြောင်းများဖြင့် ကြည့်လျှင် ကောင်စွာ မြင်တွေ့နိုင်ပါတယ်။ အန်ဒရိုမီဒါ ဂလက်ဆီ အား အဝေးကြည့်မှန်ပြောင်းဖြင့် ရှာဖွေပုံကို နောက်ပိုင်း တယ်လီစကုပ်အကြောင်းများ တင်ဆက်တဲ့အခါ ဆက်လက်ရေးသား ဖော်ပြသွားပါဦးမယ်။
ကျေးဇူးတင်ပါတယ်။
အန်ဒရိုမီဒါ
ဂလက်ဆီကို လကွယ်ညမျိုးမှာ တယ်လီစကုပ်ဖြင့် ကောင်းစွာမြင်တွေ့နိုင်ပါတယ်။ တနည်းအားဖြင့်ပြောရလျှင်
အန်ဒရိုမီဒါဟာ နဂါးငွေ့တန်းဂလက်ဆီရဲ့ အနီးကပ်ဆုံး ညီအမတွေပါဘဲ..။
ယခုအခါမှာတော့ အာကာသပညာရှင်များဟာ အန်ဒရိုမီဒါ ဂလက်ဆီအတွင်းမှာ ကျင်လည်ကျက်စားနေကြတဲ့ ဂလက်ဆီအသေး များစွာကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ရေတွက်ကြည့်တဲ့အခါ အခု ၂၀ ကျော်လောက်ထိ သွားတွေ့ပါတယ်။ သူတို့ကို အန်ဒရိုမီဒါ ၁၊ ၂၊ ၃၊ ၄ စသည်ဖြင့် နာမည်ပေးထားလိုက်ပါတယ်။
အဲ့ဒီ့ထဲကမှ အန်ဒရိုမီဒါ ၂ (Andromeda II) ဂလက်ဆီကို သေချားစွာ လေ့လာကြည့်တဲ့အခါ ထူးခြားစန်းပြားတဲ့ ကြယ်များကို ရှာဖွေတွေ့ရှိခဲ့ကြပြန်ပါတယ်။ ဒီဂလက်ဆီလေးထဲမှာရှိတဲ့ကြယ်များဟာ သက်တမ်းရင့် ကြယ်များဖြစ်ပြီး ပုံမှန်မဟုတ်ဘဲ ရွေ့လျှားနေကြတယ်။ တိတိကျကျပြောရရင် အဲဒီ့အထဲက ကြယ်စီးကြောင်းတစ်ခုဟာ အခြားကြယ်များနဲ့မတူဘဲ အစုလိုက် တူညီစွာ ရွေ့လျားကြပါတယ်။ ဂလက်ဆီရဲ့ ဗဟိုချက်နားမှာပေါ့..
Andromeda II ဂလက်ဆီဟာ အင်မတန် သေးငယ်လှပါတယ်။ နဂါးငွေ့တန်းဂလက်ဆီရဲ့ ၁ ရာခိုင်နှုန်းလောက်သာရှိမယ်။
အခုလို ဂလက်ဆီကြီးထဲမှာ ဂလက်ဆီလေးတွေ ရှာဖွေတွေ့ရှိခြင်းဟာ ကျနော်တို့ နဂါးငွေ့တန်း အပါအ၀င် စကြ၀ဠာအတွင်းက ဂလက်ဆီများ ဖြစ်ပေါ်လာခြင်းမှာ (ကျနော်တို့ ရှာဖွေမတွေ့ရှိနိုင်သေးတဲ့) အခြေခံကျတဲ့ အချက်များရှိတယ်ဆိုတာကို ထောက်ပြပေးနေပါတယ်။ ဒီဂလက်ဆီလေးများ စုပေါင်းထားခြင်းဟာ အလင်းနှစ် တစ်သန်းရှည်ပြီး အလင်းနှစ် ၃၀၀၀၀ ထူတဲ့ အန်ဒရိုမီဒါ ဂလက်ဆီကြီး ဖြစ်နေပါတော့တယ်။

အာကာသနှင့်
စကြ၀ဠာ
>>> အန်ဒရိုမီဒါ ဂလက်ဆီလေးများ
<<<
ကျနော်တို့ နေထိုင်ရာ ကမ္ဘာကြီးသည် နေ အဖွဲ့အစည်းအတွင်းတွင် တည်ရှိပြီး နေအဖွဲ့အစည်းဟာ နဂါးငွေ့တန်း ဂလက်ဆီအတွင်းမှာ တည်ရှိပါတယ်။ နဂါးငွေ့တန်း ဂလက်ဆီ မှ အလင်းနှစ် ၂.၅ သန်း အကွာမှာတော့ အန်ဒရိုမီဒါ (Andromeda) လို့ခေါ်တဲ့ ဂလက်ဆီကြီး တစ်ခုရှိပါတယ်။ ဒီဂလက်ဆီကို Messier 31၊ M31 (သို့) NGC 224 လို့လည်း ခေါ်ကြပါတယ်။ အန်ဒရိုမီဒါ ဂလက်ဆီကို လကွယ်ညမျိုးမှာ တယ်လီစကုပ်ဖြင့် ကောင်းစွာမြင်တွေ့နိုင်ပါတယ်။ တနည်းအားဖြင့်ပြောရလျှင် အန်ဒရိုမီဒါဟာ နဂါးငွေ့တန်းဂလက်ဆီရဲ့ အနီးကပ်ဆုံး ညီအမတွေပါဘဲ..။

အာကာသနှင့် စကြ၀ဠာ

How
to find Andromeda
Andromeda galaxy ကတော့ ကျနော်တို့ milky galaxy နဲ့ အနီးဆုံး galaxy တစ်ခုပါ။ M31လို့လဲခေါ်ပါတယ်။ ကျနော်တို့ရဲ့ သာမန်မျက်စေ့နဲ့ မြင်နိုင်တဲ့ galaxy ပါ (
မြို့အလင်းညစ်ကင်းရာမှာ)။ မြောက်ဖက်ကောင်းကင်ခြမ်းမှာရှိနေပါတယ်။ အကောင်းဆုံးမြင်နိုင်တဲ့ ရက်တွေ ကတော့ သြဂုတ်လ ကနေ မတ်လ လောက်ထိပါ။ ပထမဆုံး သူဘယ်နေရာမှာရှိလဲ သိအောင်ကြိုးစာရမှာပါ။ ကျနော်ရှာတဲ့ နည်းလမ်းကတော့ Cassiopeia
ကို အခြေပြုပါတယ်။ Cassiopeia (M
or W) ပုံစံ constellation တစ်ခုပါ ဓူဝံကြယ်ကို ဗဟိုထားရင် ခုနှစ်စဉ်ကြယ်နဲ့ ဆန့်ကြင်ဖက်မှာပါ။ ဆိုတဲ့ M ပုံရဲ့ ပထမအတွန့် ``/\´´ က အတိုင်း မျက်မှန်းလိုင်း အတိုင်း အလင်းဆုံးကြယ် ၂လုံး ကိုရှာပါ
တွေ့တဲ့ကြယ်၂လုံးကို ခန့်မှန်း ထက်ဝက်အကွာမှာ အတန်အသင့်လင်းနေတဲ့ ကြယ်တလုံးတွေ့မှာပါ။ အဲဒီကြယ်နားမှာ ၀ါးတားတား
ဖြူဖြူ အလင်းစု ဟာ ကျနော်တို့ရှာနေတဲ့ Andromeda galaxy ပါပဲ။ မမြင်ဘူးဆိုရင် မျက်စေ့ကို ဖွင်ထားလျှက် မြင်ကွင်းကို လှုပ်အောင် ရွှေ့ကြည့်ပါ အဲဒီကြရင် ၀ါးတားတားအလင်းကို သတိထားမိလေ့ရှိတတ်ပါတယ်။ အတန်အသင့် ချဲ့အားရှိတဲ့
Binocular တစ်ခုပါရင် ပိုပြီးအသေးစိတ်မြင်နိုင်တယ်။ ကျနော့စိတ်ကြိုက် တော့ 70X7 လောက်ပါ။ ၇၀က မှန်ပြောင်း အချင်းဝကိုညွှန်းပါတယ်။ X7 ကချဲ့ဆပါ။ (ချဲ့ဆ များရန်အရေးမကြီး ၊အချင်း အလင်းဝင်ပေါက်ကြီးဖို့ အရေးကြီး)။ တယ်လီစကုတ် ရှိသူတွေအတွက် လဲ ချဲ့ဆ အနည်းဆုံး eyepiece ကိုသုံးစေချင်ပါတယ်။ Andromeda
galaxy က 1°x 3° လောက်ရှိတော့ မြင်ကွင်းလုံလောက်စေဖို့ပါ။ eyepiece focal length များတာကိုရွေးပါ။
0 comments:
Post a Comment