လမင်းကြီးရဲ့ တစ်ဘက်ခြမ်းကို သင် မြင်ဖူးပါသလား...။
လမင်းကြီးဟာ သူ့ဝင်ရိုးမှာ ၂၇ ရက်လျှင်တစ်ပါတ်နှုန်းနဲ့ လည်နေပါတယ်။ တစ်ဆက်တည်းမှာဘဲ ကမ္ဘာကို ၂၇.၃၂ ရက်လျှင် တစ်ပါတ်နှုန်းနဲ့ တူညီစွာ လည်ပတ်နေသောကြောင့် လရဲ့ လည်ပါတ်မှုကို ကမ္ဘာမှ မမြင်ရဘဲ လမင်းကြီးရဲ့ မျက်နှာ တစ်ဖက်တည်းကိုသာ မြင်နေကြရတာဖြစ်ပါတယ်။ လမင်းကြီးရဲ့ အခြားဘက် (မမြင်ရတဲ့) အခြမ်းဟာ ဘယ်လိုများ ဖြစ်နေမလဲ....
၁၉၅၉ ခုနှစ်မှာတော့ ဆိုဗီယက်နိုင်ငံရဲ့ လူနာ-၃ (Luna 3) အာကာသယာဉ်ဟာ လမင်းကြီးရဲ့ တစ်ဘက်ခြမ်းကို ပထမဆုံး ဓါတ်ပုံရိုက်နိုင်ခဲ့ပြီး ၁၉၆၀ ပြည့်နှစ်မှာ ဖော်ထုတ် ပြသခဲ့ပါတယ်။ (ဒုတိယမြောက်ပုံ ဖြစ်ပါတယ်။)
၁၉၆၈ ခုနှစ်မှာ အပိုလို-၈ (Apollo 8) အာကာသယာဉ်နှင့် လိုက်ပါခဲ့ကြတဲ့ အာကာသ ပညာရှင်များဟာ ပထမဆုံး မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ကြပါတယ်။ ယနေ့အထိတော့ အဲ့ဒီ့နေရာကို ထပ်မံသွားရောက်ကြခြင်း မရှိတော့ပါဘူး။
လမင်းကြီးရဲ့ ကျောပြင် (တဖက်ခြမ်း) ဟာ ဒဏ်ရာများနဲ့ ပြည့်နက်လို့နေပါတယ်။ နှစ်သန်းပေါင်းများစွာ ကမ္ဘာပေါ်သို့ ကျရောက်လာမယ့် ဥက္ကာခဲ၊ ဥက္ကာပျံများကို သူ့ကျောပြင်နဲ့ ကာကွယ်ပေးခဲ့တာပါ။ လမင်းကြီး ကျောပြင်က အပေါက် (ချိုင့်ခွက်) များဟာ ဥက္ကာခဲတွေ ကျရောက်ခဲ့တဲ့ နေရာများဘဲ ဖြစ်ပါတယ်။ ဘယ်လောက်တောင် များသလဲဆိုလျှင်... အဲ့ဒီ့နေရာကို နေအဖွဲ့အစည်းအတွင်းမှာ ချိုင့်ကွက်တွေ အပေါများဆုံး ဖြစ်ပေါ်နေတဲ့ နေရာလို့တောင် ပြောနိုင်ပါတယ်။
လမင်းကြီးရဲ့ ကမ္ဘာဘက် မျက်နှာမူထားတဲ့ အပိုင်းကတော့ ၀င်းဝင်းပပ သာလို့နေလျှက်..ကမ္ဘာကြီးကို အေးချမ်းမှုတွေ ပေးနေဆဲပါဘဲ...။
အာကာသနှင့် စကြ၀ဠာ

0 comments:
Post a Comment